ငြိမ်းချမ်းရေးဝါဒ (Pacifism)

March 5, 2012

0

I နိဒါန်း ငြိမ်းချမ်းရေးဝါဒဆိုတာ စစ်နဲ့ တခြားသော အကြမ်းဖက်မှုတွေကို ဆန့်ကျင်ပြီးတော့ လူတစ်ဦးချင်းရဲ့ အယူဝါဒရေးရာအရဖြစ်စေ၊ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးလှုပ်ရှားမှုတစ်ရပ်အနေနဲ့ဖြစ်စေ အဲဒီလို စစ်နဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ကြောင်း ပြသတာပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဝါဒမှာ လုံးဝငြိမ်းချမ်းမှုရတဲ့အထိ လုပ်ယူရမယ်ဆိုတဲ့ အတိုင်းအတာကနေ လက်တွေ့ကျတဲ့ ပုံသဏ္ဍာန်သွင်ပြင်တစ်ရပ်အားဖြင့် ငြိမ်းချမ်းမှုတစ်ခုကို ရရင်တော်ပြီဆိုတဲ့ အတိုင်းအတာထိ အဆင့်ဆင့် ကွဲပြားပါတယ်။ အကြွင်းမဲ့ငြိမ်းချမ်းရေးဝါဒီတွေကတော့ စစ်မှန်သမျှ အကြမ်းဖက်မှုဟူသမျှကို ဆန့်ကျင်ကြပါတယ်။ နှိုင်းစာငြိမ်းချမ်းရေးဝါဒီတွေကတော့ ဘယ်လိုစစ်ပွဲတွေ၊ ဘယ်လိုအကြမ်းဖက်မှုတွေကို ဆန့်ကျင်မယ်ဆိုတဲ့ ရွေးချယ်မှု ရှိကြပါတယ်။ အကြွင်းမဲ့ငြိမ်းချမ်းရေးဝါဒီတွေက လူတစ်ယောက်ရဲ့အသက်ကို လူတစ်ယောက်က ခြိမ်းခြောက်သတ်ဖြတ်တာ စာရိတ္တနဲ့ မလျော်တဲ့ကိစ္စတစ်ရပ်ဖြစ်တယ်လို့ အလေးပေးပြောဆိုကြပါတယ်။ ငြိမ်းချမ်းရေးဝါဒရဲ့ ဒဿနကတော့ ကိုယ်ကျင့်တရား၊ ဘုရားသခင် အလိုတော်၊ စီးပွားရေးနဲ့ နိုင်ငံရေးအကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းကြီးပေါ်မှာ အခြေခံပြီး… [Read more…]

Follow

Get every new post delivered to your Inbox.